KFCရဲ့ဖခင်ကြီး(သို့မဟုတ်)ကာနယ်ဆင်းဒါး

KFCရဲ့ဖခင်ကြီး သို့မဟုတ် ကာနယ်ဆင်းဒါး

KFCရဲ့အရှည်ကောက်က Kentucky Fried Chickenဖြစ်ပြီး KFCကြက်သားကြော်ကို လွန်ခဲ့သော 1960ခုနှစ်လောက်က ကာနယ်ဆင်းဒါးဆိုတဲ့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ယောက်က စတီထွင်ချက်ပြုတ်ခဲ့တာပါ။

ကာနယ်ဆင်းဒါးက  စစ်တပ်ကဗိုလ်မှူးကြီးရာထူးကနေ ပင်စင်အနားယူပြီးတော့ ကြက်ကြော်ဆိုင်ဖွင့်ခဲ့ပါတယ်။သူ့ဆိုင်ကအစပိုင်းတော့ အတော်လေးရောင်းကောင်းနေခဲ့ပြီးတော့ ၄နှစ်လောက်အကြာမှာတော့ ကံကြမ္မာတဆစ်ချိုးကွေ့ကြောင့် အရင်းပြုတ်ပြီးစီပွားရေးပျက်သွားခဲ့ပါတယ်။ဖြစ်ပုံက သူ့ဆိုင်မှာအမြဲအားပေးနေတဲ့အမာခံစားသောက်သူတွေက အခြားနေရပ်တွေကို ပြောင်းရွေ့သွားခဲ့ကြပြီး တဖြေးဖြေးနဲ့ သူဆိုင်ဖွင့်ထားတဲ့အနားမှာ နေအိမ်အဆောက်အဦးတွေ မရှိတော့သလောက်ဖြစ်သွားခဲ့ပါတယ်။အဲ့လိုနဲ့ဆိုင်က တဖြေးဖြေးလုံးပါး ပါးရာကနေ အကြွေးတွေနှစ်ပြီး ဆိုင်ရောင်းမြေကွက်ရောင်းပြီးဆပ်လိုက်ရပါတယ်။အဲ့တာတွေဖြစ်ခဲ့တာက ၁၉၅၆ခုနှစ်မှာပါ။
  အဲ့ဒီအချိန်မှာ ကာနယ်ဆင်းဒါဟာအသက်၆၅နှစ်ရှိပါပြီ။ ဝင်ငွေဆိုလို့ ပင်စင်လစာလေး၁၅ဒေါ်လာပဲရှိပါတာ့တယ်။နောက်သူပိုင်ဆိုင်တာဆိုလို့ သူ့အဘိုးလက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ကြက်ကြော်နည်းတစ်ခုရယ် ဖို့စ်မော်တော်ကားအဟောင်းလေးတစ်စီးသာရှိပါတော့တယ်။နောက်ပြီး သူ့ရဲ့ကြက်သားကြော်နည်းနဲ့ကြော်ထားတဲ့ကြက်သားဟာအရမ်းကောင်းပြီး လူတွေအရမ်းကိုကြိိုက်ကြလိမ့်မယ်လို့ သူယုံကြည်ထားတယ်။
  အဲ့တော့သူဘာလုပ်သလဲ။ သူရဲ့ဖို့စ်ကားအဟောင်းလေးကိုစီးပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ပြီး သူ့ရဲ့ကြက်သားကြော်နည်းကိုရောင်းချဖို့လိုက်စပ်ပါတယ်။ ကြက်သားကိုခုတ်ထစ် တုံးပိုင်ကာ သူ့ရဲ့ဟင်းခတ်အမွေးအကြိုင်တွေနဲ့ ရောနယ်ပြီး ကြော်ကာ စားသောက်ဆိုင်က လူတွေကို မြည်းစမ်းစေပါတယ်။သူ့ကြက်သားကြော်ကို လူတွေကကြိုက်ကြပေမယ့် ဘယ်သူမှဝယ်ဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ဒီလိုနဲ့တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ပြီး မလျော့သောဇွဲနဲ့လိုက်စပ်လိုက်တာ တစ်နှစ်အကြာမှာတော့ သူ့နည်းကို ဝယ်မယ့်သူရလိုက်ပါတယ်။ အဲ့ဒီမတိုင်ခင်အထိ သူဘယ်နှစ်ခါလောက်အငြင်းခံခဲ့ရလည်းဆိုရင် (၁၀၀၉)ကြိမ်ပါ။ အာဂလူကြီးပါပဲဗျ။

    ကာနယ်က သူ့ကြက်ကြော်နည်းကို အပြီးသဘောမျိုးရောင်းချလိုက်တာတော့မဟုတ်ပါဘူး။ကြက်ကြော်တစ်တုံးရောင်းရတိုင်း သူ့ကိုကော်မရှင်ခ၁ဒေါ်လာပေးရမယ်ပြီးရင် ဆိုင်ကိုလည်းKFCလို့အမည်ပေးရပါမယ် ဆိုတဲ့ကတိကဝတ်နဲ့ပါ။
  ဒီလိုနဲ့ ၁၉၆၄ခုနှစ်မှာတော့ အမေရိကန်နိုင်ငံတဝန်းမှာKFCဆိုင်ခွဲပေါင်း၆၀၀လောက်အထိရှိလာခဲ့ပါတယ် ။နောက်နှစ်အနည်းငယ်အကြာမှာတော့ သူကြီးကြပ်တဲ့ဆိုင်အားလုံးကို ဒေါ်လာ၂သန်းခွဲနဲ့ရောင်းချလိုက်ပါတယ်။ဒါပေမယ့် KFCနဲ့ပတ်သက်တဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ ဆက်ရှိနေခဲ့ပါတယ်။
    
ကာနယ်ဆင်းဒါးဟာ၁၉၈၀ခုနှစ် ဒီဇင်ဘာလ၁၆ရက်နေ့ ကင်တာကီမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ သူ့ရဲ့ဦးဆောင်မှုအောက်ကKFCဟာ ဆိုင်ခွဲပေါင်း၆၀၀၀ကျော်နဲ့ နိုင်ငံပေါင်း၄၈နိုင်ငံအထိ ခြေဆန့်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Comments