KFCရဲ့ဖခင်ကြီး(သို့မဟုတ်)ကာနယ်ဆင်းဒါး
KFCရဲ့ဖခင်ကြီး သို့မဟုတ် ကာနယ်ဆင်းဒါး KFCရဲ့အရှည်ကောက်က Kentucky Fried Chickenဖြစ်ပြီး KFCကြက်သားကြော်ကို လွန်ခဲ့သော 1960ခုနှစ်လောက်က ကာနယ်ဆင်းဒါး ဆိုတဲ့ အငြိမ်းစားဗိုလ်မှူးကြီးတစ်ယောက်က စတီထွင်ချက်ပြုတ်ခဲ့တာပါ။ ကာနယ်ဆင်းဒါးက စစ်တပ်ကဗိုလ်မှူးကြီးရာထူးကနေ ပင်စင်အနားယူပြီးတော့ ကြက်ကြော်ဆိုင်ဖွင့်ခဲ့ပါတယ်။သူ့ဆိုင်ကအစပိုင်းတော့ အတော်လေးရောင်းကောင်းနေခဲ့ပြီးတော့ ၄နှစ်လောက်အကြာမှာတော့ ကံကြမ္မာတဆစ်ချိုးကွေ့ကြောင့် အရင်းပြုတ်ပြီးစီပွားရေးပျက်သွားခဲ့ပါတယ်။ဖြစ်ပုံက သူ့ဆိုင်မှာအမြဲအားပေးနေတဲ့အမာခံစားသောက်သူတွေက အခြားနေရပ်တွေကို ပြောင်းရွေ့သွားခဲ့ကြပြီး တဖြေးဖြေးနဲ့ သူဆိုင်ဖွင့်ထားတဲ့အနားမှာ နေအိမ်အဆောက်အဦးတွေ မရှိတော့သလောက်ဖြစ်သွားခဲ့ပါတယ်။အဲ့လိုနဲ့ဆိုင်က တဖြေးဖြေးလုံးပါး ပါးရာကနေ အကြွေးတွေနှစ်ပြီး ဆိုင်ရောင်းမြေကွက်ရောင်းပြီးဆပ်လိုက်ရပါတယ်။အဲ့တာတွေဖြစ်ခဲ့တာက ၁၉၅၆ခုနှစ်မှာပါ။ အဲ့ဒီအချိန်မှာ ကာနယ်ဆင်းဒါဟာအသက်၆၅နှစ်ရှိပါပြီ။ ဝင်ငွေဆိုလို့ ပင်စင်လစာလေး၁၅ဒေါ်လာပဲရှိပါတာ့တယ်။နောက်သူပိုင်ဆိုင်တာဆိုလို့ သူ့အဘိုးလက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ကြက်ကြော်နည်းတစ်ခုရယ် ဖို့စ်မော်...